ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်
၁၃၈၄ ခုနစ်၊ တတိယအကြိမ်မြောက်
ဖားအောက်တောရဓမ္မဂရုက သာသနာလင်္ကာရ စာမေးပွဲ
၂။ ၎င်းစာမေးပွဲ၌ အောင်မြင်သော ပုဂ္ဂိုလ်များအား ဖားအောက်တောရဆရာတော်ဘုရားကြီးကိုယ်တော်တိုင် လက်မှတ် ရေးထိုးထားသော ဖားအောက်တောရဓမ္မဂရုကသာသနာလင်္ကာရအကျော်ဘွဲ့လက်မှတ်နှင့် အောင်လက်မှတ်ကို ချီးမြှင့် မည်ဖြစ်ပါသည်။
၃။ သို့ဖြစ်ပါ၍ ဖားအောက်တောရရိပ်သာခွဲများရှိ စာဖြေပုဂ္ဂိုလ်များနှင့် နာယကအဖွဲ့က ဖြေဆိုခွင့်ပြုထားသည့် ပြင်ပ ကျောင်းတိုက်များရှိ စာဖြေပုဂ္ဂိုလ်များအနေဖြင့် ပထမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့် အသီးအသီးတို့ကို အောက်ပါ သတ်မှတ်ချက်များနှင့်အညီ ဝင်ရောက်ဖြေဆိုနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
(ခ) ဒုတိယဆင့်၊ တတိယဆင့် ဖြေဆိုမည့်ပုဂ္ဂိုလ်များသည် မိမိအောင်မြင်ထားပြီးသော အသင်းတစ်ခုခု၏ အောက်ဆုံး အဆင့် အောင်လက်မှတ်မိတ္တူကို ပူးတွဲတင်ပြရပါမည်။
(ဃ) စာမေးပွဲအောင်/ရှုံး ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အောက်ပါအတိုင်း အောင်မှတ်သတ်မှတ်ထားပါသည်။
ရက်စွဲ။ ။ ၁၃၈၄ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၁၄) ရက်
(၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်)
(က) ကိုဗစ် ၁၉ ရောဂါ ကင်းရှင်းကြောင်း ထောက်ခံချက် (သို့မဟုတ်) ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီး ကြောင်းလက်မှတ်များ တပါတည်းယူဆောင်လာကြပါရန်နှင့် အခြားကူးစက်ရောဂါများရှိခဲ့ပါက ကြိုတင်အသိ ပေးပါရန်။
(ခ) စာမေးပွဲဖြေဆိုရန် ကျောင်းတိုက်သို့ ရောက်ရှိပါက မိမိသက်ဆိုင်ရာ တာဝန်ခံအထံ၌ ဖုန်းများအပ်နှံထားကြပါရန်။ (စာမေးပွဲကာလအတွင်း ဖုန်းကိုင်ဆောင်ခွင့် ပြုမည်မဟုတ်ပါ။)
(ဂ) ဝိကာလဘောဇနသိက္ခာပုဒ်ကို စောင့်စည်းကြရန်နှင့် သမဏသာရုပ္ပမဖြစ်စေနိုင်သော ကစားခြင်းစသော အပြုအမူ များ၊ အပြင်ထွက်ခြင်းများကို သည်းခံစောင့်ရှောက်ပေးကြပါရန်။
(ဃ) ဘုရားဝတ်တက်, ဩဝါဒခံယူမှုများကို အထူးဂရုပြုပေးကြပါရန်။
(င) ကျောင်းတိုက်က အခြေအနေအရ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာပေးကြပါရန်။
(စ) စာဖြေကြွရောက်လာသော သံဃာတော်များသည် အကြီးအမှူးတစ်ပါးသတ်မှတ်၍ ကျောင်းတိုက်သံဃာ့ရေးရာ ဌာနသို့ အမည်စာရင်း ပေးထားပါရန်။
(ဆ) နိဿဂ္ဂိပစ္စည်းများ ပါလာခဲ့ပါက စာမေးပွဲဖြေဆိုပြီးသည်နှင့် တပါတည်း ပြန်လည်ယူဆောင်သွားကြပါရန်။
နာယကနှင့် ဂဏဝါစကအဖွဲ့
ဖားအောက်တောရစာသင်တိုက် (ထောက်ကြန့်)
မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
ဝင်ခွင့်တောင်းလွှာ တင်ရန်